တချို့ ကိုယ်ဟာကိုယ်နဲ့ရိုက်တဲ့ပုံတွေဆိုရင် အလင်းအရမ်းများသွားတာတွေရှိပါတယ်..
အဲဒါလေးတွေကို အလွယ်တကူပြင်နိုင်ရန် နည်းလမ်းလေးပါ
ဥပမာနဲ့အတူ ပုံလေးပြင်နည်းကိုပြထားပါတယ်..
ဘာမှမခက်ပါဘူး အလွယ်လေးပါ...
ဒီကလေးပုံလေးကို ကြည့်ပါ အလင်းအရမ်းများနေပါတယ်..ဆံပင်လေးတွေကလည်း အညိုရောင်လေးတွေပါ..
ဒီပုံလေးကို နည်းနည်းမှောင်ချင်ရင်တော့.. layer box ကိုခေါ်လိုက်ပါ..အဲဒါပြီးရင် background layer ကို ctrl+j ကိုတွဲနှိပ်ပြီး copy ယူလိုက်ပါ.. အောက်မှာပြထားတဲ့အတိုင်းပေါ်လာပါလိမ့်မယ်..
အဲဒီအခါကျရင် layer ရဲ့အောက်က normal ဆိုတဲ့ box မှာ multiply ထည့်ပေးလိုက်ပါ..
အဲဒီအခါကျရင် အောက်ကပုံအတိုင်း ကလေးလေးရဲ့ပုံမှာ အလင်းနည်းသွားပြီး ဆံပင်လေးတွေလည်း အနက်ရောင်ဘက်သို့ပြောင်းသွားပါပြီ..
အဲဒီလိုဘဲနောက်ထပ်မှောင်ချင်ရင်တော့ ctrl+j ကို နှိပ်လိုက်တာနဲ့ ပိုပြီးမှောင်သွားပါလိမ့်မယ်.. စမ်းကြည့်ကြပေါ့နော်..
ကလေးပုံလေးကို ရချင်ရင်တော့ ဒီနေရာလေး ကနေယူနိုင်ပါတယ်..
ပျော်ရွင်ပါစေ...
Monday, December 28, 2009
Sunday, December 27, 2009
အိမ်မက်ဆုတောင်း
တိတ်ဆိတ်လျှက် ညအခါ....
လရောင်အောက်မှာ ကြွေကျသွားတဲ့
ငါ့မျက်ရည်ကို ဘယ်သူသိနိုင်မလဲ..
ညရဲ့ တိတ်ဆိတ်ခြင်းဟာ
လွမ်းဆွတ်တဲ့စိတ်ကို အားပေးနေသလား..
အို ...လမင်းရယ်
အိမ်မက်ကမ္ဘာမှ ရုန်းထွက်ခွင့်ပေးပါလို့
တိတ်တဆိတ်တောင်းဆိုချင်ပါတယ်..
အလွမ်းတွေဖယ်ခွာ ပျော်ရွင်စရာ
ငြိမ်းချမ်းရာကမ္ဘာလေးသို့ ဆက်လျှောက်ခွင့်ပြုပါ.....
- ပုံလေးကို ကြည့်ပြီးရေးထားတာပါ.....
Labels:
စိတ်ကူးယဉ်ကဗျာများ..
Saturday, December 26, 2009
ဆောင်းရာသီတွင် နှင်းကျချင်ရင်...
ဆောင်းရာသီတွင် မိမိဘလော့ဂ်မှာ နှင်းကျလိုသူများအတွက်ပါ.. အောက်မှာ လုပ်နည်း ၂ မျိုးရှိပါတယ်..အဆင်ပြေတာနဲ့ အသုံးပြုနိုင်ပါတယ် ...
* Blogger ကနေ Layout section ကို သွားပါ ...
* Add a Gadget ကို ထပ်ပြီး Click လိုက်ပါ...
* Add a Gadget Window မှ HTML / JAVASCRIPT ကို ရွေးလိုက်ပါ ..
* HTML / JAVASCRIPT Window တက်လာရင် အောက်မှာ ပေးထားတဲ့ Code တွေကို ထည့်ပြီး Save လိုက်ပါ...
( သို့မဟုတ် )
* Blogger ကို ၀င်လိုက်ပါ ..
* Blogger ကနေ Layout section ကို သွား
* ထိုမှတဆင့် Edit HTML Subtab ကို ထပ်ပြီးသွားလိုက်..
* Edit HTML ရောက်ရင် <head>ကို ရှာပြီးအဲဒီအောက်မှာ ပေးထားတဲ့ ကုဒ်ကို ထည်ပြီး Save လိုက်ပါ .
အဲဒါဆိုရင်တော့ နှင်းလေးတွေကျလာပြီပေါ့..
<head>ကိုအလွယ်တကူရှာချင်ရင် ctrl+f ကိုတွဲနှိပ်ရင် find box လေးပေါ်လာပါမည်.. အဲဒီကနေ ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်
<script src="http://www.fileden.com/files/2009/12/15/2689516/snow1.js" type="text/javascript">
</script>
အဆင်ပြေပါစေ...
ကိုယ်ကိုတိုင်လည်း ဆောင်းရာသီတွင် ဒီကုဒ်လေးတွေထည့်ချင်ရင် အလွယ်တကူထည့်နိုင်ရန်အတွက် တင်ထားခြင်းဖြစ်ပါသည်..

blog ဆိုင်ရာ
Monday, December 21, 2009
software မလိုဘဲ folder lock လုပ်နည်း
ခုပြောပြမှာကတော့ Software မသုံးဘဲ Folder Lock လုပ်နည်းလေးပါ။
Software မသုံးဘဲ Folder Lock လုပ်နည်းလေးကတော့ အောက်မှာရေးပြထားတဲ့ Code တွေကို Notepad ထဲကိုကူးလိုက်ပါ။ Password here နေရာမှာ Password ကိုထည့်ရပါမယ်။ ပြီးရင် Locker.bat ဆိုတဲ့ ဖိုင်နာမည်နဲ့ Save လုပ်လိုက်ပါ။ ပြီးရင် အဲဒီ locker.bat ဖိုင်ကို ကလစ် နှစ်ချက်နှိပ်လိုက်ပါ။ Private ဆိုတဲ့ Folder လေးထွက်လာပါလိမ့်မယ်။ ကိုယ်ဖျောက်ချင်တဲ့ ဖိုင် ကို အဲဒီ Folder လေးထဲ ထည့်ပြီးတော့ locker.bat ကို Enter ခေါက်ပြီး Y key ကိုရိုက်လိုက်ရုံနဲ့ Private Folder လေးပျောက်သွားတာကိုတွေ့ ရပါလိမ့်မယ်။ သူ့ကို ပြန်ဖော်ချင်ရင်တော့ မိမိပေးထားတဲ့ password ကိုရိုက်ပြီး Enter ခေါက်လိုက်ပါက ပြန်ပေါ်လာတာကို တွေ့ ရပါလိမ့်မယ်။ ဒါကတော့ software မသုံးဘဲ Folder Lock လုပ်နည်းလေးပါဘဲ။
ဖျောက်ထားတဲ့ Folder ကို Search Results ကလည်း ရှာလို့မရပါဘူး။ ဒါကြောင့် Password ကိုတော့ မမေ့ကြနဲ့နော် သူငယ်ချင်းတို့ .....။

Run Commands For Windows XP
စာသားများရိုက်ထည့်ပြီး ခေါ်နိုင်သည့်အတွက် အလွယ်တကူကိုယ်ခေါ်ချင်တဲ့ နေရာကို ရောက်နိုင်ပါသည်။ ဒါပေမယ့် မှတ်ထားဖို့တော့ လိုတာပေါ့နော်..
ပထမဦးစွာ windows ခလုတ် နဲ့ R နဲ့ကို တွဲနှိပ်လိုက်ရင် run ဆိုတဲ့ box လေးကျလာပါလိမ့်မယ် ဒါမှမဟုတ် ရင် start ထဲကနေ run ကို နှိပ်လိုက်ပါ..
ဥပမာ-Device Manager ကိုသွားချင်ရင် run ထဲမှာ devmgmt.msc ကို ရိုက်ထည့်လိုက်ပါ.. အဲဒါဆိုရင် device manager ကိုရောက်သွားပါမည်...အဲလိုဘဲ အောက်မှာပြထားသော စာသားများမှ ခေါ်နိုင်ပါသည်..

Tuesday, December 15, 2009
သစ်ရွက်ပေါ်က ရေစက်လေးများ
ဒီပုံလေးအတိုင်း သစ်ရွက်ပေါ်မှာရေစက်ကလေးတွေ ဖန်တီးကြရအောင်
ပထမဆုံး ပုံကလေးကို ဒီနေရာလေး ကနေ ရယူနိုင်ပါသည်။
Elliptical marquee tool လေးနဲ့ပဲ အောက်ပါအတိုင်း သစ်ရွတ်မှာ select လုပ်ပေးလိုက်ပါ။
New layer ယူပါတယ်။ Gradient Tool ကို ရွေးပြီး အောက်ပါအတိုင်း Attribute bar ကိုပြင်ပေးပါ။
အောက်မှာ ပြထားတဲ့ အတိုင်း အနီစက်နေရာနေ အပြာစက်နေရာကို ဆွဲပေးပါ။
အောက်အတိုင်း ဖြစ်သွားလိမ့်မယ်။
အိမ်မက်လမင်းရဲ့ တစိတ်တဒေသ
မင်္ဂလာပါရှင်..
အိမ်မက်လမင်းက ရှမ်းပြည်နယ်ရဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားပါတယ်ရှင် ...
ရှမ်းလူမျိုး ဖြစ်သလို ရှမ်းအစားအစာကိုလည်း ကြိုက်ပါတယ်...
မေမေ နဲ့ ဖေဖေ ကလည်း ရှမ်းလူမျိုးများဖြစ်ပါတယ်....
မောင်နှမသုံးယောက်ရှိပါတယ်...
ကြိုပြောထားမယ်နော် အိမ်မက်လမင်းက ရှမ်းစကားမတတ်ပါ..
ရှမ်းလူမျိုးဖြစ်ရတာကို ကျေနပ်ပါသည်.....
ဒီဘလော့လေးကို လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မှတ်စုသဘောမျိုး မှတ်သားထားရန်ဖြစ်ပါတယ်...
ကိုယ်ကိုတိုင်လည်း ပြန်ကြည့်လို့ရသလို သူငယ်ချင်းများကိုလည်း ကိုယ်သိသည်များ ဝေမျှနိုင်သောကြောင့်ပါ..
ပျော်ရွင်ပါစေ..

Subscribe to:
Posts (Atom)