Powered By

Free XML Skins for Blogger

Powered by Blogger

Monday, December 28, 2009

ဓါတ်ပုံလေးတွေကို ချိန်ရအောင်

တချို့ ကိုယ်ဟာကိုယ်နဲ့ရိုက်တဲ့ပုံတွေဆိုရင် အလင်းအရမ်းများသွားတာတွေရှိပါတယ်..
အဲဒါလေးတွေကို အလွယ်တကူပြင်နိုင်ရန် နည်းလမ်းလေးပါ
ဥပမာနဲ့အတူ ပုံလေးပြင်နည်းကိုပြထားပါတယ်..
ဘာမှမခက်ပါဘူး အလွယ်လေးပါ...

ဒီကလေးပုံလေးကို ကြည့်ပါ အလင်းအရမ်းများနေပါတယ်..ဆံပင်လေးတွေကလည်း အညိုရောင်လေးတွေပါ..





ဒီပုံလေးကို နည်းနည်းမှောင်ချင်ရင်တော့.. layer box ကိုခေါ်လိုက်ပါ..အဲဒါပြီးရင် background layer ကို ctrl+j ကိုတွဲနှိပ်ပြီး copy ယူလိုက်ပါ.. အောက်မှာပြထားတဲ့အတိုင်းပေါ်လာပါလိမ့်မယ်..




အဲဒီအခါကျရင် layer ရဲ့အောက်က normal ဆိုတဲ့ box မှာ multiply ထည့်ပေးလိုက်ပါ..
အဲဒီအခါကျရင် အောက်ကပုံအတိုင်း ကလေးလေးရဲ့ပုံမှာ အလင်းနည်းသွားပြီး ဆံပင်လေးတွေလည်း အနက်ရောင်ဘက်သို့ပြောင်းသွားပါပြီ..






အဲဒီလိုဘဲနောက်ထပ်မှောင်ချင်ရင်တော့ ctrl+j ကို နှိပ်လိုက်တာနဲ့ ပိုပြီးမှောင်သွားပါလိမ့်မယ်.. စမ်းကြည့်ကြပေါ့နော်..
ကလေးပုံလေးကို ရချင်ရင်တော့ ဒီနေရာလေး ကနေယူနိုင်ပါတယ်..


ပျော်ရွင်ပါစေ...

No comments:

Post a Comment