Powered By

Free XML Skins for Blogger

Powered by Blogger

Tuesday, December 15, 2009

သစ်ရွက်ပေါ်က ရေစက်လေးများ



ဒီပုံလေးအတိုင်း သစ်ရွက်ပေါ်မှာရေစက်ကလေးတွေ ဖန်တီးကြရအောင်
ပထမဆုံး ပုံကလေးကို ဒီနေရာလေး ကနေ ရယူနိုင်ပါသည်။

Elliptical marquee tool လေးနဲ့ပဲ အောက်ပါအတိုင်း သစ်ရွတ်မှာ select လုပ်ပေးလိုက်ပါ။



New layer ယူပါတယ်။ Gradient Tool ကို ရွေးပြီး အောက်ပါအတိုင်း Attribute bar ကိုပြင်ပေးပါ။




အောက်မှာ ပြထားတဲ့ အတိုင်း အနီစက်နေရာနေ အပြာစက်နေရာကို ဆွဲပေးပါ။



အောက်အတိုင်း ဖြစ်သွားလိမ့်မယ်။








အဲဒီ အ၀ိုင်းဆွဲထားတဲ့ layer ကို Overlay ပြောင်းပေးပါ။




အဲဒီ layer ကိုပဲ R-Click - Blending Options နှိပ်ပြီး အောက်ပါအတိုင်း Drop shadow နဲ့ Inner shadow ကို လိုက်ပြောင်းပေးပါ။






အောက်ပါအတိုင်း မြင်ရပါမယ်။




hand brush tool ကို size = 6 pixels ပေးပြီး အစက်ဖြူလေးကို အောက်ပါအတိုင်းထည့်ပါတယ်။ ဒီနေရာမှာ အစက်လေးရဲ့ အရွယ်အစားက မိမိ ဆွဲလိုက်တဲ့ အ၀ိုင်းပေါ်မူတည်ပြီး စိတ်မှန်းနဲ့ ချိန်ညှိပေးပါ။



ရေစက်တစ်စက် ရလိုက်ပြီဖြစ်ပါတယ်။ အဲဒီ layer မှာ R-Click - Duplicate layer ကို နှိပ်ပါတယ်။ ရေစက် နှစ်စက် ထပ်သွားပါတယ်။ Move tool လေးနဲ့ နေရာရွှေ့လိုက်ပါတယ်။ Edit - Free Transform(သို့) ctrl+T နဲ့ နည်းနည်း သေးလိုက်ပါတယ်။

ဒီနည်းနဲ့ပဲ အရင် နှစ်စက် ထက် သေးတဲ့ ရေစက်လေး တစ်ခု ထပ်လုပ်ပါတယ်။
ပထမဆုံးလုပ်ထားတဲ့ အကြီးဆုံး ရေစက်ကို R-Click - Duplicate layer နဲ့ layer ထပ်ယူ ၊ နေရာ ရွှေ့ပြီး Filter - Liquify... ကိုနှိပ်ပါတယ်။ Forward Warp Tool နဲ့ ဘေးနှစ် ဖက်ကနေ နည်းနည်းစီ တွန်းလိုက်ပါတယ်။ ရှည်မျှောမျှော လေး ဖြစ်သွားပါတယ်။ Bloat Tool နဲ့ အပေါ်တည့်တည့်က click နှိပ်ပြီး စမ်းကြည့်လိုက်ပါ။ ရေလျှောကျ လာတဲ့ ပုံမျိုးဖြစ်သွားအောင် အဆင်ပြေသလို ချိန်ညှိပေးလိုက်ပါ။
ဒီနေရာက အတိအကျ ပြောလို့ မရပါဘူး။ မိမိရဲ့ လက်ပေါ်မူတည်ပါတယ်။ သဘာဝကျအောင် ကြည့်ပြီးလုပ်ပေးပါ။ အဆင်ပြေ သဘောကျ ကြမယ်ထင်ပါတယ်။

ဒီပို့စ်လေးဟာ ကိုသံလုံငယ်ဆီကပါ ဘလော့ပုံတွေကိုစမ်းတင်ကြည့်ရင်း လုပ်ကြည့်ထားတာပါ..
ကိုယ်ကိုတိုင်လည်း လိုက်လုပ်ကြည့်ပြီးမှ ပြန်တင်ထားတာပါ...
ပျော်ရွင်ပါစေ..

No comments:

Post a Comment